တာရာမင်းဝေ အမှတ်တရ စာစုများ
''တာရာမင်းဝေ"ဆိုတဲ့နာမည်ကို ငယ်ငယ့်ကလောင်နာမည်အဖြစ်
သုံးချင်တယ်၊၊ကိုကို အဲ့ဒီနာမည်ကို ငယ်ငယ့်ကို ပေးနိုင်မလား?"
'တာရာမင်းဝေ'ဆိုတာ ကျနော့်ရဲ့ကလောင်အမည်ခွဲ တခုပါ၊၊
'ဒတ္ထ'ဆိုတဲ့ အကောင့်အမည်နဲ့ ကဗျာတွေရေးနေတဲ့ အချိန်မှာဘဲ
စကားပြေရေးရင်သုံးဖို့ 'တာရာမင်းဝေ'ဆိုတဲ့ ကလောင်အမည်ကို
မွေးထားခဲ့တာပါ။(၁၉၈၆)လောက်က ထုတ်ဝေတဲ့ တောင်ဥက္ကလာပမြို့နယ် နှစ်လည်မဂ္ဂဇင်းတအုပ်မှာ ကျနော့်ရဲ့
'ခေတ်ရဲ့ဟာသ'ဆိုတဲ့ ကဗျာတပုဒ် 'တာရာမင်းဝေ'ကလောင်နဲ့
ဖေါ်ပြခဲ့ပြီးပါပြီ။အခုကျနော့်ညီက ဒီနာမည်ကိုကျနော့်ထံက
တောင်းခံနေပါဆယ်၊ကျနော် ကြည်ကြည်ဖြူဖြူပဲ'ယူပါကွာ'လို့
ပေးလိုက်ပါတယ်။
ဒီစာအုပ်ဟာ ဆရာကွယ်လွန်ခြင်း (၂)နှစ်ပြည့်အမှတ်တရ အနေနဲ့
ထုတ်ဝေထားတာပါ။စာအုပ်ထဲမှာ နိုင်ငံေရးနှင့် ထိမ်းသိမ်းခံထားရစဉ်
ကြုံတွေ့ရတဲ့ အမှတ်တရများ၊ဆရာ့ ကဗျာများ၊ဈာပန အခမ်းအနား
ဓါတ်ပုံများနဲ့ တခြားသူများရဲ့ အမှတ်တရ စာစုများကို ဖတ်ရှု့ရမှာပါ။
Comments
Post a Comment